ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ပြောင်းတန်ချိန် (၂၀၀၀) ကိုစမ်းသပ်တင်ပို့ထား

0
340

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ပြောင်းတန်ချိန် (၂၀၀၀) ကို စမ်းသပ်တင်ပို့ထားပြီး ၎င်းတို့ဘက်မှ လက်ခံနိုင်သည့် အရည်အသွေးအတိုင်း ရောက်ရှိသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

ယင်းသို့ စမ်းသပ်တင်ပို့ထားသော်လည်း မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကို ဝယ်ယူတင်သွင်းရန် ကမ်းလှမ်းချက်အပေါ် ၌မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

‘‘စမ်းသပ်တင်ပို့တဲ့ အနေအထားက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အရည်အသွေးကလည်း လက်ခံနိုင်တ ယ်။ ဆက်ပြီးတော့ ဝယ်မယ်/မဝယ်ဘူးတော့ မသိဘူး။ ဒီလမ်းကြောင်းအတိုင်းပဲ ဆက်ပြီး တင်ပို့ရမလားဆိုတာကတော့ ဝယ်ယူမယ့် ဘင်္ဂလားဒေ့ရှ်ကုန်သည်ဘက်က တုံ့ပြန်မှုမလာသေးဘူး”ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအ သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ မြန်မာ့ပြောင်းဆံတွေ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပိုရောင်းချရန် ၂၀၂၀ ပြည့်နှစ်ကတည်းက စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ယခုအခါမှသာ ပြန်လည်စီစဉ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ပြောင်းဆံအား ပြည်ပသို့ တင်ပို့မှုကို ဖေဖော်ဝါရီ လမှစတင်ကာ ပြောင်းဆံတင်ပို့ရောင်းချမှုများ ပြုလုပ်နေပြီး ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူထားကာ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်စသည့် ဒေသတွင်းနိုင်ငံများထံလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

​ ပြောင်း နှင့် ဆန် အဓိကတင်ပို့သည့် ပါကစ္စတန်နိုင်ငံသည်လည်း ရှေ့တပတ်တွင်ပါကစ္စတန် ပြောင်းအသစ်ထွက်လာမည်ဖြစ်၍ စျေး အနည်းငယ် အေးနိုင်​ကြောင်း ကုန်သည်တစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here