ဇွန်လ ၂၂ ရက်၌ အိန္ဒိယဝန်ကြီးချုပ် အမေရိကသို့နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

0
213

ဝါရှင်တန်၊မေ ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇွန် ၂၂ ရက်တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီအား နိုင်ငံတော်ခရီးစဉ်အဖြစ် လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကကြေငြာခဲ့သည်။ဝန်ကြီးချုပ်အား ကန်သမ္မတနှင့်၎င်း၏ကတော်တို့က နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို ချစ်ကြည်ရင်းနှီးစေပြီး ရေရှည်မဟာမိတ်များအဖြစ်နေထိုင်ရန်ဖော်‌ဆောင်နိုင်လိမ့်မည်ဖြစ်ကာ၊နှစ်နိုင်ငံပြည်သူများကိုလည်း ချစ်ကြည်ရင်းနှီးစေမည်ဖြစ်ကြောင်းဆိုထားသည်။

၎င်းခရီးစဉ်သည် ကာကွယ်ရေး၊သဘာဝပတ်ဝန်းကျင်မထိခိုက်နိုင်သည့်စွမ်းအင်အပါအဝင် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် နည်းပညာဆက်ဆံရေးအား မြှင့်တင်နိုင်ရန် အဓိကထောက်အကူပြုမည်ဖြစ်သည်ဟုလည်းသိရသည်။

ယင်းနောက် လွတ်လပ်ပွင့်လင်းကာ သာယာဝပြောသော အင်ဒို – ပစိဖိတ်ဒေသအတွက် နှစ်နိုင်ငံကြားမှကတိကဝတ်များကိုလည်း ခိုင်မာစေရန်ညှိုနှိုင်းမည်ဟုကြေငြာထားသည်။

ပြီးခဲ့သည့်လကလည်း အမေရိကနှင့်အိန္ဒိယတို့သည် အဆင့်မြင့်ကွန်ပျူတာနှင့် ကာကွယ်ရေးနည်းပညာအပါအဝင် General Electric ဂျက်အင်ဂျင်များပူးတွဲထုတ်လုပ်ခြင်းတို့ပါဝင်သည့် နည်းပညာဆိုင်ရာ အရေးပါသောပဏာမခြေလှမ်းတစ်ရပ်ကိုကြေငြာခဲ့သေးသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here