ကလောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရွှေတူးလုပ်သားများနေထိုင်သည့် ယာယီတဲအိမ် (၇၃) လုံးခန့်ရေနစ်မြုပ်

0
216

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ယနေ့ မေ (၁၁) ရက်နံနက် (၈) နာရီကျော်ခန့်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့နယ်နှင့် သာစည်မြို့နယ်ကြားရှိ နယ်ခြားချောင်းရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားချောင်း ရေလျှံမှုကြောင့် ကလောမြို့နယ်၊ ရွှေဖုန်းမင်းကျေးရွာရှိ ရွှေတူးဖော်သည့် လုပ်သားများနေထိုင်သော ယာယီတဲအိမ် (၇၃) လုံးခန့်မှာ ရေနစ်မြုပ်သွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“ရေမြုပ်သွားတဲ့ အိမ်တွေက နယ်စုံကလာပြီး ရွှေတူးနေကြတဲ့ လူတွေနေတဲ့ ယာယီတဲအိမ်တွေပါ။ ရေဘေးလွတ်ကင်းတဲ့ နေရာကို ကူညီပြီးရွှေ့ပေးခဲ့ပါတယ်။ လူတွေရေနစ်မျောပါ ပျောက်ဆုံးတာမရှိပါဘူး”ဟု ကူညီပေးခဲ့သည့် လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ်အား ကလောမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here