ရနောင်းခရိုင်တွင် လှေဖြင့်တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၄) ဦးဖမ်းဆီးခံရ

0
191

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကပဲန်မြို့၊ မွန့်ကလွန်ကျေးရွာအုပ်စု၊ နယ်မြေ (၃) တွင် မေ (၉) ရက် ည (၁၁) နာရီခွဲခန့်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရနောင်းခရိုင်တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းအရ လှည့်လည်စစ်ဆေးရာ ကပဲန်မြို့၊ မွန့်ကလွန်ကျေးရွာအုပ်စု၊ နယ်မြေ (၃) တွင် စက်လှေတစ်စီးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် စက်လှေပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အသက် (၅) နှစ် အရွ ယ်ရှိ ကလေးငယ် (၁) ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး (၁၄) ဦးအား တွေ့ရှိခဲ့ရပြီး စက်လှေမောင်းသူကိုမူတွေ့ရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။

စစ်ဆေးချက်အရ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တို့တွင် အလုပ်လုပ်ကိုင်ရန် ကော့သောင်းမြို့မှတဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၃၀၀၀၀ စီပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here