ကျိုင်းတုံမြို့၊နောင်တုံကန်အနီးတွင် ကျိုင်းတုံဟော်နန်းပုံစံတူတည်ဆောက်နေ

0
271

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ဟော်နန်းမြေနှင့်တစ်ဆက်တည်းနေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူအား တည်ဆောက်လျက်ရှိသည်။

ထိုသို့ တည်ဆောက်နေမှုနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နစက ဥက္ကဋ္ဌမှ မေ ၁၁ ရက်ညနေပိုင်းကကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏တင်ပြချက်များကို လိုအပ်သည်များအားညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် နောင်တုံကန်ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ကန်ပတ်လမ်းတစ်လျှောက်ကို ကြည့်ရှုခဲ့သည်။

နစက ဥက္ကဋ္ဌအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့်နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှတာဝန်ရှိသူတစ်ဦးက နောင်တုံကန် ရေဝင်၊ရေထွက်အခြေအနေ၊ကန်ရေကို ထိခိုက်မှုမရှိစေဘဲ သဲနုန်းတူးဖော်ခြင်းအား နုန်းများကို အရည်ပျော်စေ၍ စုပ်ထုတ်ဆောင်ရွက်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ရေအောက်မြေမျက်နှာသွင်ပြင်တိုင်းတာခြင်းနှင့်ပုံထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ သဲနုန်းတူးဖော်ခြင်းကို စနစ်တကျဆောင်ရွက်လျက်ရှိမှု၊ကန်ရေသန့်ရှင်းမှုရှိစေရန် ခေတ်မီစက် ကိရိယာ၊ယန္တရားများအသုံးပြုဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here