မတူပီမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

0
123

ချင်းပြည်နယ်၊မတူပီမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မေ ၁၂ ရက်(ယနေ့) နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီ ၁၄ မိနစ် ၅၅ စက္ကန့်က မတူပီမြို့၏
အနောက်-အနောက်မြောက်ဘက် (၂၁)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၆၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၃ ဒသမ ၁၂)ဒီ ဂရီ၊ အနက်(၇၁)ကီလိုမီတာအားဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here