ဝန်ထမ်း နှစ်ယောက်သာရှိပြီး ငွေလွှဲငွေထုတ်ခ ပေးစရာမလိုတဲ့ အမေရိကရဲ့ အသေးဆုံးဘဏ်

0
197

ကမ္ဘာ့ဘဏ်အပေါများဆုံး နိုင်ငံဖြစ်တဲ့ အမေရိကမှာ ပိုင်ဆိုင်မှု ဒေါ်လာ ၃ သန်းသာရှိပြီး ဝန်ထမ်းနှစ်ဦးနဲ့သာ လည်ပတ်နေတဲ့ ဘဏ်လေး တစ်ဘဏ်ရှိပါတယ်။ အဲဒါကတော့ အမေရိကရဲ့ အသေးဆုံးဘဏ်လို့ ခေါ်ဝေါ်သမုတ်ကြတဲ့ ကန့်လန် ဖက်ဒရယ် ဘဏ်ပဲ ဖြစ်ပါတယ်။

ကန့်လန် ဖက်ဒရယ်ဘဏ်ဟာ အင်ဒီယားနားပြည်နယ်၊ ကန့်လန်းမြို့မှာ တည်ရှိပြီး ဘဏ်ခွဲ တစ်ခုတည်းသာရှိတဲ့ ဘဏ်ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်လောက်မှာ စတင် တည်ထောင်ခဲ့တဲ့အတွက် သက်တမ်းကတော့ နှစ် ၁၀၀ ကျော်ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဘဏ်မှာ အခုအချိန်ထိ အေတီအမ် (ATM) စက်ရော ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်ပါ မရှိသေးပါဘူး။

ဒါ့ပြင် ကန့်လန် ဖယ်ဒရယ်ဘဏ်ဟာ အိမ်ဝယ်ဖို့ ချေးငွေထုတ်ပေးခြင်း၊ စုငွေ စာရင်း ဖွင့်ပေးခြင်းနဲ့ အပ်ငွေသက်သေခံလက်မှတ် ဖွင့်ပေးခြင်းဆိုတဲ့ ဝန်ဆောင်မှု သုံးမျိုးပဲ ပေးပါတယ်။ ဒါပေမယ့် အဲဒီဘဏ်ကနေ ငွေလွှဲငွေပြောင်းလုပ်မယ်ဆိုရင် အခကြေးငွေ ပေးစရာ မလိုဘူးလို့ သိရပါတယ်။

ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဘဏ်ရဲ့ စီအီးအို ဂျိမ်းစ် ဆမ်မန်စ်နဲ့ သူရဲ့ အချိန်ပိုင်း ငွေသွင်းငွေထုတ်စာရေး တို့ဟာလည်း ခေတ်မီနည်းပညာတွေကို မကြိုက်တဲ့အတွက် ချက်လက်မှတ်တွေကို အခုထက်ထိ ခေတ်ဟောင်း ကုဒ်ရေးစက်နဲ့ပဲ ရေးပေးနေတာပါ။ ဒါကြောင့် ဘဏ်ကို တည်ထောင်ခဲ့သူရဲ့ မျိုးဆက်လည်းဖြစ်တဲ့ ဆမ်မန်စ်က အခုလိုမျိုး ခေတ်နောက်ကျနေတဲ့ ဘဏ်ဟာ သူလက်ထက်ပြီးရင် ရောင်းချခံရနိုင်ချေ ရှိတယ်လို့ ပြောလာပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here