မိုခါ မုန်တိုင်း နောက် (၆) နာရီအတွင်း အားအလွန်ကောင်းတဲ့ မုန်တိုင်းဖြစ်လာနိုင်

0
311

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေ‌သော အားကောင်းသည့် ဆိုင်ကလုန်မုန်းတိုင်းမိုခါသ ည် နောက် ၆ နာရီအတွင်း အားအလွန်ကောင်းသည့် ဆိုင်ကလုန်းဖြစ်လာနိုင်ပြီး မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြ ည်နယ်မြောက်ပိုင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်မည့် အ‌လားအလာရှိကြောင်း သိရသည်။

လက်ရှိတွင် မိုခါမုန်တိုင်းသည် စစ်တွေမြို့၏ တောင် – အနောက်တောင်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်အကွာ၊ အိန္ဒိ ယနိုင်ငံ၊ ပို့ပလဲယားကျွန်း၏ အနောက် – အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင် – အနောက်တောင်ဘက် ရေမိုင် (၅၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

လက်ရှိအခြေအနေထိ မုန်တိုင်းအဆင့်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ မိုင် (၆၀) မှ မိုင် (၇၀) ခန့်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ မိုခါမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့ (Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကာ မုန်းတိုင်းဒဏ်ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးနှင့်စစ်ကိုင်းတိုင်းတို့ ခံစားရမှာဖြစ်ကြောင်း မိုးလေဝသပညာရှင်များက သုံးသပ်ထားသည်။

မိုခါမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် အနိမ့်ဆုံးလေတိုက်နှုန်းအနေဖြင့် တစ်နာရီ (၁၀၃) မိုင်နှုန်းတိုက်ခိုက်နိုင်ပြီး မုန်တိုင်းအချင်းမှာ မိုင် (၅၀) ဝန်းကျင်အထိ ရှိနိုင်သည့်အတွက် မုန်တိုင်း ဖြတ်ကျော်ရာ လမ်းကြောင်းပေါ်ရှိ ဒေသများတွင် ထိခိုက်ပျက်စီးမှု မြင့်မားနိုင်သည့်အခြေအနေရှိကြောင်း မိုးလေဝသပညာရှင်များက သုံးသပ်ထားကြသည်။

ယင်းသို့ ပျက်စီးဆုံးရှုံးမှု မြင့်မားနိုင်သည့်အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း မုန်တိုင်း ဖြတ်ကျော်မည့် လမ်းကြောင်းပေါ်ရှိ ပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားကြရန်နှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားကြရန် သတိပေးနှိုးဆော်လျက်ရှိသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် (၁၅) ပေဝန်းကျင်အထိ မြင့်တက်နိုင်ခြေရှိသည်ဟု ခန့်မှန်းတွက်ချက်မှုများရှိနေသည့်အတွက် ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေနှင့် ကျောက်ဖြူမြို့ အနီး ပင်လယ်ကမ်းစပ်နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ အထူးသတိထားရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်မှုများ ထွက်ပေါ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here