လူ ၆,၀၀၀ နီးပါး တစ်ပြိုင်တည်း စားနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်

0
189

ဒါကတော့ တရုတ်နိုင်ငံ ချုံကင်းမြို့မှာ တည်ရှိတဲ့ ပီပါယွမ်လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်ကြီးပဲ ဖြစ်ပါတယ်။

ဒီဆိုင်ကြီးဟာ သူရဲ့ ဂုဏ်ပုဒ်နဲ့လိုက်အောင် တောင်တစ်ခြမ်းလုံးနီးပါး နေရာယူထားပြီး စားပွဲဝိုင်းပေါင်း ၉၀၀ နီးပါး ခင်းကျင်းထားကာ လူအယောက် ၅၈၀၀ လောက်ကိုလည်း တစ်ပြိုင်နက် တည်ခင်းကျွေးမွေးနိုင်ပါတယ်။

ချုံကင်းမြို့ဟာ သူရဲ့ ဟော့ပေါ့ကြောင့် နာမည်ကြီးပါတယ်။ အဲဒီလိုမျိုး ဟော့ပေါ့ဆို အရသာမျိုးစုံရတဲ့ ချုံးကင်းက ဟော့ပေါ့ဆိုင်ထဲတွေမှာဆို ပီပါယွမ်က သွားလည်သင့်ဆုံး ဆိုင်တစ်ခုဖြစ်ပါတယ်။

ပီပါယွမ်ဟာ ချုံကင်းမြို့ရဲ့ အစွန်အဖျားမှာ တည်ရှိပြီး ၃,၃၀၀ စတုရန်းမီတာအထိ ကျယ်ဝန်းပါတယ်။ တောင်စောင်းပေါ်မှာ ဆောက်လုပ်ထားတဲ့အတွက် ကားပါကင်ကနေ ဆိုင်ထဲရောက်ဖို့ မိနစ် ၃၀ လောက် လမ်းလျှောက်ရတာတောင် နာမည်ကျမသွားဘဲ လူမပြတ်အောင် စည်းကားနေဆဲပါ။

ဘယ်လောက်ထိ လူကျသလဲဆိုရင် စားပွဲဝိုင်းပေါင်း ၉၀၀ နီးပါးရှိတာတောင် နွေဦးနဲ့ နွေရာသီတွေမှာဆိုကြိုတင် ဘွတ်ကင်မချိတ်ဘဲ သွားစားမယ်ရင် စားပွဲဝိုင်း တစ်ဝိုင်းတောင် ရမှာမဟုတ်ပါဘူး။

နေ့ရော ညပါ လူစည်ကားပြီး ဆိုင်ကအတော်လေး ကြီးနေတာတောင် အစားအသောက်တွေရဲ့ အရသာနဲ့ အရည်အသွေးကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ အစားအသောက်ရဖို့ စောင့်ရတာ ကြာပေမယ့် သာယာလှပတဲ့ ရှုခင်းတွေနဲ့ စုံလင်လှတဲ့ စားစရာတွေကြောင့် သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းတစ်ခုဖြစ်ပါတယ်။

ပီပါယွမ်ကိုတော့ ဂင်းနစ်ကမ္ဘာ့စံချိန်က ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်အဖြစ် ပြီးခဲ့နှစ်က မှတ်တမ်းတင် ဂုဏ်ပြုခဲ့တာပါ။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here