ယနေ့ မွန်းတည့် (၁၂) နာရီမှ စတင်ကာ မြန်မာ့ကမ်းရိုး တ န်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန် တားမြစ်၊ မလိုက်နာပါက အရေးယူမည်ဟုဆို

0
262

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သ ည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသသ ည့်အတွက် ယနေ့ မေလ (၁၂) ရက် မွန်းတည့် (၁၂) နာရီမှ စတင်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွ န်ပင်လယ်ပြင်သို့ မည်သည့် ငါးဖမ်းရေယာဉ်/လှေ/ သ င်္ဘောများမှ ထွက်ခွာခြင်း လုံးဝမပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်။

အကယ်၍ အဆိုပါ ညွှန်ကြားချက်အား လိုက်နာခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။

မိုခါမုန်တိုင်းသည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိနေပြီဖြစ်ပြီး နောက် (၄၈) နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းကို စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုလေးဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိ ပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်း၏ လေတိုက်နှုန်းမှာ ၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေမှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ငါးဖမ်းရေယာဉ် /လှေ/ သင်္ဘောများအနေဖြင့် အထူးအန္တရာယ်ရှိကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတိပေးထားသည်။

ယင်းကဲ့သို့ အန္တရာယ်ရှိသည့်အတွက် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ က မ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြို တင်သတိပြု ရှောင်ရှားကြရန် သက်ဆိုင်ရာကလည်း အ သိပေးထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here