ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့နံနက်ပိုင်း ယာဉ်မတော်တဆမှု (၂) မှုဖြစ်ပွား

0
187

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့ မေလ (၁ ၂) ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်စဉ် (၂) မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပထမ ဖြစ်စဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/၄)တွင် ယနေ့ နံနက် ၅ နာရီ ၃၇ မိနစ်အချိန်ခန့်က ယာဉ်(၁)စီး စလစ်ဖြစ်ကာ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား (၇) ဦး၊ မ (၄) ဦး၊ စုစုပေါင်း (၁၁) ဦးအနက် မ (၁) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့သည့်အတွက် လှည်းကူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယ ဖြစ်စဉ်မှာ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၃/၄)နှင့် (၂၁၃/၅)ကြားတွင် ယနေ့နံနက် ၇ နာရီ ၂၆ မိနစ်အချိန်ခန့်က EDUINOX အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအား တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အမြန်လမ်းမကြီးသူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here