အဖျက်အားကြီးမည့် မိုခါဆိုင်ကလုန်း လာမည့်ဒေသခံများနေရပ်စွန့်ခါဖို့ မတွေဝေသင့်၊ ပြင်ဆင်ချိန် နာရီ ၄၀သာကျန်

0
777

တနင်္ဂနွေနေ့လည်တွင် ရခိုင်ဖက်သို့ဝင်လာမည့် မိုခါ ဆိုင်ကလုန်း သည် နာဂစ်ထက်ပြင်းလောက်သည်။

ပင်လယ်ထဲရှိမုန်တိုင်းကြောင့်စစ်တွေကမ်းနားတလျောက် ရေနိမ့်ဆင်းနေပြီး၊မုန်တိုင်းဝင်လာပါက ရေကော၊လေပါ အလုံးအရင်းပြန်ပါလာပြီး ဧရာဝတီတိုင်းကို နာဂစ်မွှေသလို မွှေနိုင်သည်။

အချို့က ကုန်းမြင့်နေရာများသို့ရွေ့နေကြပြီ။အချို့က ကား၊လေယာဥ်များဖြင့် ရန်ကုန်သို့ဆင်းကြပြီ။လေယာဥ်လက်မှတ် ဝယ်ရခက်နေပြီဟု ဒေသခံများကပြောသည်။ကုန်းမြင့်ကျသည့်မြောက်ဦးတွင် အမျိုးရှိသူများက စစ်တွေမှ မြောက်ဦးသို့ ခလေးများကိုပို့ထားကြသော်လည်း စစ်တွေရှိ မိမိပိုင်ဆိုင်မှုရှိရာနားမှ မခွာလိုကြသေးပေ။

မိုခါ သည် စစ်ဘေးဒဏ်သင့်နေသည့် နေရာများသို့ သဘာဝဘေးဒဏ် ထပ်ခံစားအောင် ဆောင်ကျဥ်းလာနေပြီဖြစ်သည်။

မျှော်မှန်းသည်ထက်အင်အားပြင်းစွာဝင်လာပါကမြန်မာပြည်အထက်ပိုင်းရှိဆည်များ၏ လုံခြုံရေး မှာကိစ္စရှိလာနိုင်သည်။

ချင်းတွင်းမြစ်ရေ ဧရာဝတီ မြစ်ရေများလျှံလာပါက မြန်မာပြည်အောက်ပိုင်းလည်း ဒုက္ခများစရာရှိမည်။

နာဂစ် ဆိုင်ကလုန်း တုန်းက မှန်းထားသည့် တနာရီ မိုင်၈၀နူန်း အစားတကယ် တိုက်သည့်အချိန်တွင် တနာရီ ၁၂၀မိုင်နူန်းဖြစ်ခဲ့သည်။ယခု မိုခါ၏ အဝင်ကို တနာရီ ၁၃၀ မိုင်မှန်းထားသည်။ထို့ထက်ပိုသွားပါက နာဂစ်ထက်ဆိုးသည့်အခြေနေကို မျှော်မှန်း၍ ပြင်ဆင်ကြရမည်ဖြစ်သည်။

ပင်လယ်နားနီးနေကြသူများမို့ မုန်တိုင်းကိုယဥ်ပါးပြီး ရင်ဆိုင်နိုင်မည်ဟု ယူဆသည့် ဒေသခံများလည်းရှိနေသည်။ မုန်တိုင်းလာမှ အခြေနေကြည့်ပြေးမည်ဟု ဆိုသူများလည်းရှိသည်။ ဧရာဝတီ တတိုင်းလုံးနီးပါး ပြေးမလွတ်သည်ကို အမှတ်ရကြစေလိုပါသည်။

ယခုပင်လယ်ထဲတွင် တနရီ ၈၅မိုင်နူန်းဖြစ်နေရာမှ ညသန်းခေါင်တွင် မိုင် ၁၀၀ကျော်နူန်းဖြစ်လာမည်။မနက်ဖန်နေ့လည်တွင် တနာရီ မိုင် ၁၂၀နူန်း ဖြင့်ပင်လယ်ပြင်တွင်းအရှိန်ရလာမည်ဖြစ်သည်။ သဘက်ခါ ၁၄ရက်နေ့လည်တွင်တော့ ၁၂၅ မိုင်နူန်းဖြင့် ကုန်းတွင်းသို့စတင်ဝင်ရောက်မည်ဖြစ်ပြီး တရက်အကြာမှ တနာရီမိုင် ၃၀သို့အားပျော့မည်ဟု တွက်ဆထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here