မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်မာရေး အရေးပေါ်အခြေအနေ အဖြစ်မှရုပ်သိမ်းပြီ

0
255

ဂျနီဗာ၊ မေ ၁၁

မျောက်ကျောက်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၁ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ကမ္ဘာအနှံ့သို့ စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုကဲ့သို့ ကြေညာလာခြင်းဖြစ်သည်။ အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများ၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ဥရောပ၊ မြောက်အမေရိကနှင့် အာရှတို့တွင်မူ ပြီးခဲ့သည့်နှစ် မေလမှစတင်၍ ကူးစက်ပျံ့နှံ့လာခဲ့သည်။

ထိုရောဂါသည် လိင်တူဆက်ဆံသော အမျိုးသားများ၌ အများဆုံး ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းရှိ လူ ၈၇,၀၀၀ ကျော်၌ မျောက်ကျောက် ရောဂါ ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ လူ ၁၄၀ ဦးကျော် သေဆုံးခဲ့သည်။

WHO သည် ကိုဗစ်ရောဂါကိုလည်း ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းခဲ့သည်။

သို့ရာတွင် WHO အကြီးအကဲ တက်ဒရို အာဒနမ် ဂေဘရီးယပ်စ်က ကိုဗစ်နှင့် မျောက်ကျောက်ရောဂါတို့​၏ အရေးပေါ်အခြေအနေသည် ပြီးဆုံးသွားပြီဖြစ်သော်လည်း ကူးစက်မှု ပြန်လည်အားကောင်းလာန်ိုင်ပြီး လူ့ အသက်များကို ဆက်လက်နှုတ်ယူနိုင်သေးကြောင်း မနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here