စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေမှ သဲပြင်များ နိမ့်ကျကာချိုင့်ခွက်များဖြစ်ပေါ်နေ

0
436

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေမှ သဲပြင်များ မေ (၁၁) ရက်မှ စတင်ကာ နိမ့်ကျလာခဲ့ပြီး ချိုင့်ခွက်များဖြစ်ပေါ်နေကြောင်း စစ်တွေဒေသခံဆရာတော်တစ်ပါးဖြစ်သည့် ရွှေစေတီဆရာတော်နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“အရင်က အဲဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဘူးဘူးဗျ။ အခုလိုဖြစ်နေတာကို ကမ်းခြေမှာ စျေးရောင်းဖို့သွားတဲ့ကလေးတွေက တွေ့ပြီးလာပြောလို့ သွားကြည့်တဲ့အချိန် အဲဒီအတိုင်း ချိုင့်ခွက်ကြီးတွေဖြစ်နေတာ။ ဒေသခံတွေက တစ်ခါမှ မကြုံဘူးတော့ စိုးရိမ်နေကြတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ယခင်က ကမ်းခြေရှိ သဲပြင်များညီညာပြန့်ပြူးခဲ့သော်လည်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယခုကဲ့သို့ သဲပြင်နိမ့်ကျပြီး ချိုင့်ခွက်များဖြစ်ပေါ်နေခြင်းဖြစ်နိုင်သည်ဟု စစ်တွေဒေသခံ ရွှေစေတီဆရာတော်မှမိန့်ကြားထားသည်။

ယင်းကဲ့သို့ ပွိုင့်ကမ်းခြေရှိ သဲပြင်နိမ့်ကျကာ ချိုင့်ခွက်များဖြစ်ပေါ်နေမှုကို တာဝန်ရှိသူများကလိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here