ကျောင်းသားဘဝက ဆရာမကို လက်ထပ်ထားတဲ့ ၂၂ နှစ်အရွယ် အမျိုးသား

0
255

မလေးရှားက အသက် ၂၂ နှစ် အရွယ် အမျိုးသားတစ်ဦးက အသက် ၄၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကျောင်းတုန်းက ဆရာမကို လက်ထပ်ထားဆိုတဲ့ သတင်းဟာ အရှေ့တောင်အာရှတစ်ဝိုက်မှာ အခုတလော အတော်လေး ရေပန်းစားနေပါတယ်။

အသက် ၂၆ နှစ်လောက် ကွာဟနေတဲ့အပြင် ဆရာတပည့်အဆင့်ကနေ ဇနီးမောင်နှံ ဖြစ်သွားတဲ့အတွက် သတင်းစာတွေရဲ့ ခေါင်းစီးပိုင်းတွေမှာ ဖော်ပြရတဲ့အထိ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာပါ။

မိုဟာမတ် ဒန်နီရယ် အာမတ် အလီဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ဇနီးဖြစ်လာမယ့် ဂျမီလာ မို့ ကို ၂၀၁၆ ခုနှစ်တုန်းက အလယ်တန်းကျောင်းမှာ စတွေ့ခဲ့တာပါ။ အဲဒီအချိန်တုန်းက မိုဟာမတ်ဟာ ကျောင်းသားဖြစ်ပြီး ဂျမီလာ ကတော့ သူရဲ့ ဆရာမဖြစ်ပါတယ်။ အဲတုန်းကတော့ ဆရာတပည့် ဆက်ဆံရေးထက် မပိုခဲ့ဘူးလို့ သိရပါတယ်။

မိုဟာမတ် အထက်တန်းရောက်သွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ကြား အဆက်သွယ်ပြက်သွားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ပြန်ဆုံဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ အထက်တန်း ပြီးခါနီးမှာတော့ မိုဟာမတ်ဟာ ဂျမီလာကို ပိုပိုပြီး သတိထားမိလာကာ ပိုးပန်းဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ မိုဟာမတ်ဟာ ဂျမီလာကို သဘောကျနေတဲ့အကြောင်း ဖွင့်ပြောခဲ့ပါတယ်။

အလုပ်အကိုင်က ဆရာမ ဖြစ်နေတာရယ်၊ အသက်ကလည်း အရမ်းကွာနေတာရယ်ကြောင့် ဂျမီလာဟာ မိုဟာမတ်ရဲ့ ချစ်ခွင့်ပန်တာကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆက်တိုက် အငြင်းခံနေရတဲ့ကြားက လက်မလျှော့ဘဲ ကြိုးစားခဲ့တဲ့ မိုဟာမတ်ရဲ့ အချစ်ကို ဂျမီလာဟာ နောက်ဆုံးမှာ လက်ခံပေးလိုက်ရပါတယ်။

မိုဟာမတ်ဟာ ဂျမီလာက အိမ်ထောင်ကျခဲ့ဖူးတဲ့ အမျိုးသမီးမှန်း သိတာတောင် ချစ်သူဖြစ်ပြီးတဲ့နောက် မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မိဘတွေရဲ့ သဘောတူညီမှုနဲ့ အတူ ၂၀၂၁ ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ မိုဟာမတ်ဟာ ရေသန့်စက်ရုံမှာ အလုပ်လုပ်နေပါတယ်။

မိုဟာမတ်ကတော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုဖြစ်ပြီး သူသဘောကျတဲ့ မိန်းကလေးနဲ့ လက်ထပ်ခွင့်ရလို့ ကံကောင်းတယ်ဆိုပြီး ပြောလာပါတယ်။ ဂျမီလာကတော့ သူ့ကို လာပိုးပန်းတဲ့လူတွေ ရှိတဲ့ကြားက ဘယ်တော့မှ လက်မလျှော့တတ်တဲ့ မိုဟာမတ်ကိုပဲ ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here