ထိုင်းနိုင်ငံတွင် ၂၅ ကြိမ်မြောက် လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် အထွေထွေရွေးကောက်ပွဲများကို သဘက်ခါ မေလ ၁၄ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် ပါတီပေါင်း ခြောက်ဆယ့်ခုနစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နာမည်ကြီး ပါတီမှာ ၇ပါတီခန့်ရှိသည်။
မနက်ဖန်တရက်သာ ကျန်တော့သဖြင့် မဲဆွယ်ပွဲများကို အပြိုင်အဆိုင်ပြုလုပ်နေကြပြီဖြစ်သည်။
မေလ ၁၄ ရက်နေ့ သည် ထိုင်းနိုင်ငံအတွက်အဖြေတစ်ခုထွက်လာနိုင်မည်လားမျှော်လင့်နေကြသည်။ ထိုနေ့တွင်မြန်မာနိုင်ငံ အနောက်မြောက်ခြမ်းတွင် ဆိုင်ကလုန်းမုန်တိုင်းအကြီးကျယ်ဝင်ဖို့ရှိနေသည်။