နောင်တုံကန်အတွင်းလေ့ကျင့်နေသည့် တပ်မတော်(ရေ)ရေကြောင်းလူငယ်အခြေခံသင်တန်းမှ သင်တန်းသား၊သင်တန်းသူများကို နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တွေ့ဆုံအားပေး

0
204

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊နောင်တုံကန်အတွင်း၌ တပ်မတော် (ရေ) ရေကြောင်းလူငယ်အခြေခံသင် တန်း(ကျိုင်းတုံစခန်း)မှ သင်တန်းသား၊သင်တန်းသူများ လေ့ကျင့်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်နေသည့် သင်တန်းသား၊သင်တန်းသူများအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ မေ ၁၂ ရက်မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့်သင်တန်းသည် ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်၍ ယခုသင်တန်းမှ တဆင့် မိမိကိုယ်ကိုချစ်စိတ် ထိုမှတဆင့် နိုင်ငံချစ်စိတ်များဖြစ်ပေါ်လာပြီး နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်း၊သမီးကောင်းရတနာများဖြစ်လာရန် ၊သင်တန်းမှသင်ကြားပေးသည်များကို အမှန်တကယ်တတ်မြောက်သည်အထိ သင်ယူရန် မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ သင်တန်းကာလအတွင်း သင်တန်းသား၊သင်တန်းသူများ၏ လေ့ကျင့်ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက လေ့ကျင့်သင်ကြားပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ သင်တန်းသား၊သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here