ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၇ ဦးတွေ့

0
126

ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၇ ဦးအား ထပ်မံတွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၂ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၁ ရက်ည ၈ နာရီမှ ၁၂ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၅၂၄ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၅၇)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၄၉) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉) ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၄၉၃၉၃၀)ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၆၉၆၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ (၆၁၅၇၂၀)ဦးရှိပြီဖြစ်ကာ ယနေ့အထိသေဆုံးသူ(၁၉၄၉၃)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here