ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် ၁ ဆုအပါအဝင် ဆုတံဆိပ် ၇ ခုဆွတ်ခူး

0
141

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၁၂ ရက်ကယှဥ်ပြိုင်ကစားခဲ့သော အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့သည် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် ၁ ဆုအပါအဝင် ဆုတံဆိပ် ၇ ခုဆွတ်ခူးခဲ့သည်။

ဝူရှူးအားကစားနည်း၏ ချမ်းချွန်(အမျိုးသမီး) မြောက်ပိုင်းလက်သိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားမယ် မစန္ဒီဦးက ရွှေတံဆိပ်ဆုဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့်ကြေးတံဆိပ် ၂ ခု၊ဘိလိယက်/စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ဆု၊တိုက်ကွမ်ဒိုအားကစားနည်းမှ ၂ ဆုတို့ကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၁၂ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၄၃ ခု(စုစုပေါင်း ၇၂ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။

မေ ၁၃ ရက်(ယနေ့)တွင်လည်း မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ပိုက်ကျော်ခြင်း၊ E-Sports ၊ကြက်တောင်၊ဘိလိယက်၊ရိုးရာလှေ၊အလေးမ၊ဂျူဒို၊တိုက်ကွမ်ဒို၊ဘော်လီဘော၊ဘောလုံး အားကစားနည်းများအားဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here