နိုင်ငံ့ဝင်ငွေတိုးတက်ရေးကို များစွာအထောက်အကူပြုသည့် အထည်ချုပ်လုပ်ငန်း တိုးတက်ရန် အီးယူနှင့် ပူးပေါင်းဆောင်ရွက်မည်

0
138

အထည်ချုပ်ကဏ္ဍသည် နိုင်ငံတော်၏ ပြည်ပကုန်သွယ်မှုတွင် နိုင်ငံခြားဝင်ငွေရရှိရေးကို များစွာအထောက်အကူပြုနေသည့် Sector တစ်ခုဖြစ်သည့်အတွက် အထည်ချုပ်လုပ်ငန်းတိုးတက်ရန် အီးယူနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

မေလ (၁၁) ရက်တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ (၂၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “ MGMA အသင်းအနေဖြင့် အထည်ချုပ်ကဏ္ဍကို မှီခိုလျက်ရှိသော အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင်များတည်မြဲစေရေးနှင့် International Brands များ၏ အမှာစာများ ဆက်လက်ချုပ်လုပ်နိုင်ရန် European Union အောက်ရှိ နိုင်ငံတကာ မိတ်ဖက်ပါတနာများနှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေးစား၊ အငယ်ဘစားနှင့်အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံမှု တိုးတက်ကောင်းမွန်ရေး၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊တာဝန်ယူမှု၊ တဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းများဖြစ်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)သည် ဥရောပဈေးကွက်ကို နိုင်ငံတကာ ဝယ်လက်အဖြစ် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ Platform တစ်ခုကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် “Made in Myanmar” ထုတ်ကုန်အဖြစ်ကို ဦးတည်ချက်ထား၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here