TRIPTA ဆေး အလွန်အကျွံသောက်သုံးမိသည့် အမျိုးသမီးတစ်ဦး သေဆုံးမှု တာချီလိတ်တွင် ဖြစ်ပွား

0
379

ရှမ်းပြည်နယ် အရှေ့ပိုင်း၊တာချီလိတ်မြို့၊ ပါလျှံ(၁) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် မေ (၁၂) ရက် ည (၁၀) နာရီခန့်က TRIPTA ဆေးများ အလွန်အကျွံသောက်သုံးမိကာ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ပါလျှံ(၁)ရပ်ကွက်နေ မယွန်းဝတီကျော်မင်း(၂၂)နှစ်သည် ဆေးများ သောက်သုံးပြီးနောက် သတိမေ့သွားသဖြင့် ပြင်ပဆေးရုံမှ တဆင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။

“တာချီလိတ်ဆေးရုံရောက်ပြီး မကြာခင်ပဲသေဆုံးသွားပါတယ်။ လိုအပ်တာတွေကို ကူညီပေးခဲ့ပါတယ်”ဟု လူမှုကူ ညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဆေးရုံရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here