စစ်တွေမြို့တွင် မိုးများရွာနေပြီဟု ဒေသခံများပြော

0
191

မိုခါ ဆိုင်ကလုန်းမုန်တိုင်း အဓိကဝင်ရောက်ဖြတ်ကျော်မည့် စစ်တွေမြို့တွင် လေများစတင်တိုက်ခတ်လာပြီး မိုးများရွာနေပြီဖြစ်ကြောင်း၊အချို့က​တော့ကမ်းနားတ​လျောက် ဆိုင်ကယ်နဲ့ပတ်ကြည့်​နေကြ​ကြောင်း စစ်တွေဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ကျောက်ဖြူမြို့တွင်လည်း မိုးများရွာနေပြီး လေတိုက်ခတ်မှု​တော့မရှိသေးကြောင်း အဆိုပါဒေသမှ သိရသည်။ငပလီတွင်လည်း လှိုင်းများ တ​ဖြေး​ဖြေးကြီးလာပြီဟုဆိုသည်။

စစ်​တွေ ဟိုတယ်​များတွင် ​UN အဖွဲ့နှင့် သတင်း​​ထောက်​များလည်းရောက်​ရှိနေ​ကြောင်း ​ဒေသခံများကဆိုသည်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၁၁၅) မိုင်မှ (၁၂၅) မိုင်အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာနက ထပ်မံအသိပေးထုတ်ပြန်ထားသည်။

Photos credit- ဘခက်


LEAVE A REPLY

Please enter your comment!
Please enter your name here