စင်္ကာပူဒုဝန်ကြီးချုပ် လောရန့်စ်ဝေါင်း တရုတ်သို့သွားမည်

0
138

စင်္ကာပူ၊မေ ၁၃

စင်္ကာပူဒုတိယဝန်ကြီး ချုပ်မစ္စတာလောရန့်စ်ဝေါင်းသည် တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ထုတ်ပြန်ချက်အရသိရသည်။

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာလောရန့်စ်သည် တရုတ်နိုင်ငံဒုဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ တရုတ်သို့သွားခြင်းဖြစ်ကြောင်းသိရပြီး ၎င်း၏ခရီးစဉ် အတွင်းတွင် ရှန်ဟိုင်းနှင့်ပေကျင်းသို့လည်းသွားရောက်မည်ဟုသိရသည်။

မစ္စတာလောရန့်သည် ရှန်ဟိုင်း၌ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးနှင့်တွေ့ဆုံမည်ဖြစ်ပြီး ရှန်ဟိုင်းမြို့တော်ဝန်တို့နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်ဟုသိရသည်။ယင်းနောက် တရုတ်နိုင်ငံနေစင်္ကာပူနိုင်ငံသားများနှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်းလည်းဆိုထားသည်။

မစ္စတာလောရန့်စ်ဝေါင်းနှင့်အတူ အမျိုးသားတိုးတက်ရေးဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ကျန်ဌာနဆိုင်ရာဝန်ကြီးများအချို့လည်းအဖော်ပြလိုက်ပါပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here