ရခိုင်ပြည်နယ်ရှိ ပြည်သူ ၆ သိန်းကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးဖြစ်

0
251

နာရီပိုင်းအတွင်း၌ပင် ရခိုင်ပြည်နယ်အတွင်းဝင်ရောက်နိုင်သည့် အားအလွန့်အလွန်ကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘေးအန္တရာယ်လွတ်ကင်းစေရန် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရာ ဒေသခံ ၆ သိန်းကျော်အား ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းပေးခြင်းအား မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် မြို့နယ်များ၌နေထိုင်သူများအား ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် မေ ၁၁ ရက်မှစတင်ကာ ဘေးအန္တရာယ်လွတ်ကင်းသည့် အဆောက်အဦးများ၊မုန်တိုင်း shleters များသို့ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် မြို့နယ်များအဖြစ် အနီရောင်အဆင့်သတ်မှတ်ခဲ့သော မြို့နယ် ၇ ခုတွင် နေထိုင်သူများ၊စစ်တွေမြို့မှ IDP စခန်း ၉ ခု၊ပေါက်တောမြို့ရှိ IDP Camp ၄ ခုတို့တွင်နေထိုင်သူများကိုလည်း အရေးပေါ်ရွှေ့ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် မေ ၁၃ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ပြည်သူ ၆ သိန်းကျော်၊ IDP Camp များတွင်နေထိုင်သူ ၅ သောင်းကျော်တို့အား မုန်တိုင်းအန္တရာယ်မှလွတ်ကင်းသည့် နေရာများသို့ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ရွှေ့ပြောင်းမှုများအပြင် မိမိအစီအစဥ်ဖြင့် မုန်တိုင်းအန္တရာယ်မှလွတ်ကင်းသည့်နေရာများသို့ ရွှေ့ပြောင်းမှုများလည်းရှိပြီးအများစုမှာ မြောက်ဦးမြို့သို့သွား ရောက်သူများပြားလျက်ရှိကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ-တင်ကိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here