ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ရှိသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ဌာပနာတော်သွင်းပြီး ရွှေထီးတော်တင်လှူပူဇော်

0
368

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့၊ပန်းကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ၌တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ဌာပနာတော်သွင်းပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအား မေ ၁၃ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။

နိုင်ငံတော်သြဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊သီတဂူကမ္ဘာ့ဗုဒ္ဓ တက္က သိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ကျိုင်းတုံမြို့၊သီလဓမ္မကုန်းသာတောရ ပဓာန နာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်တို့ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်တော်မူ၍ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

သီတဂူဆရာတော်ကြီးထံမှ နစက ဥက္ကဋ္ဌနှင့်ဇနီး၊တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ဌာပနာတော်တို့အား သံဃာတော်များထံဆက်ကပ်ခြင်း၊ ဆရာတော်၊သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် နစက ဥက္ကဋ္ဌမှ ဝစီပိတ်ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ဌာပနာတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကိုပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ နစက ဥက္ကဋ္ဌမှ အထက်ဌာပနာတော်များကို သွင်းလှူပူဇော်ခဲ့သည်။

ထို့ပြင် ရတနာစိန်ဖူးတော်၊ရွှေထီးတော်ဘုံအဆင့် ဆင့်တို့အား စေတီတော်အထွတ်တွင်တင်လှူပူဇော်ပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ စေတီတော်မြတ်ကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့်အနီးဝန်းကျင်မှ ဒေသခံများ၊ပြည်တွင်း၊ပြည်ပမှ ဘုရားဖူးများ အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ သတ္တ သတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ပုံစံတူစေတီတော်ကြီးအား ဝစီပိတ်ဆရာတော်ကြီးဦးဆောင်၍ တည် ထားပူဇော်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here