မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တဲအိမ်တလုံးပေါ်မြေပြိုကျကာအိပ်နေသည့် လင်မယား ၂ ဦးသေဆုံးခဲ့မှု တာချီလိတ်မြို့တွင်ဖြစ်ပွား

0
380

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ် ကွက်တွင် မေ ၁၄ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

တာချီလိတ်မြို့တွင် မေ ၁၃ ရက်ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်းဆောက်လုပ်ထားသည့် သွပ်မိုး၊သွပ်ကာနေအိမ်တစ်လုံးပေါ်သို့ မြေများပြိုကျခဲ့သည်။

“အဲဒီခြံဝင်းထဲမှာက သွပ်မိုး၊သွပ်ကာအိမ် ၄ လုံးရယ် လိုင်းခန်း ၇ ခန်းရယ်ရှိတယ် ဒီအိမ်တစ်လုံးထဲကိုပဲမြေတွေပြိုကျသွားတာ အဲဒီအိမ်မှာက လင်မယား ၂ ယောက်ပဲနေတာ မြေပြိုကျတာကြောင့် သေဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ပြိုကျနေသည့်မြေများအား ရှင်းလင်းခြင်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here