အသက် ၁၈ နှစ် ပြည့်သူများ ညင်သာစွာ အဆုံးစီရင်ခွင့်ကို ပေါ်တူဂီ ပေးပြီ

0
295

ပေါ်တူဂီပါလီမန်သည် မခံမရပ်နိုင်အောင် နာကျင်မှု ဝေဒနာ ကို ခံစားရပြီး ကုသ၍မရ တော့သော ရောဂါကို ခံစားနေရသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူများအား ညင်သာစွာ အဆုံးစီရင်ခွင့်ပေးမည့် ဥပဒေကို မေလ ၁၂ ရက် သောကြာနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ညင်သာစွာ အဆုံးစီရင်ခွင့်ဆိုသည်မှာ ရောဂါကျွမ်းနေသော လူများကို မနာကျင်စေဘဲ သက်သောင့်သက်သာ သေ‌စေရန် ကူညီလုပ်ဆောင်ပေးခြင်းကို ဆိုလိုသည်။

အဆိုပါဥပဒေအရ အသက်ထွက်ခါနီးနေသူများနှင့် မခံမရပ်နိုင်အောင် နာကျင်မှု ဝေဒနာ ခံနေရသူများကိုသာ ညင်သာစွာ ဇီဝိန်ခြွေခွင့်ပေးမည်ဖြစ်သည်။ စိတ်ဝေဒနာသည်များနှင့် ကိုယ့်ကိုယ်ကို သတ်သေနိုင်ရန်အတွက် ၎င်းနိုင်ငံတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများကိုမူ ထိုသို့လုပ်ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ထိုဥပေဒသည် ပေါ်တူဂီနိုင်ငံသားများနှင့် တရားဝင် နေထိုင်ခွင့်ရသူများအတွက်သာ အကျုံးဝင်မည် ဖြစ်သည်။

အဆိုပါဥပဒေအသစ်ကို သမ္မတက တစ်ပတ်အတွင်း အတည်ပြု ပြဌာန်းနိုင်မည်ဖြစ်သည်။ ပေါ်တူဂီ မီဒီယာများကမူ စက်တင်ဘာလနှောင်းပိုင်းလောက်မှသာ စတင်အသက်ဝင်မည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် ညင်သာစွာ အဆုံးစီရင်ခွင့်ကို ဥပဒေအဖြစ် အတည်ပြု ပြဌာန်းထားသော နိုင်ငံများမှာ ပေါ်တူဂီမတိုင်ခင် ၇ နိုင်ငံသာ ရှိသေးသည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here