ဆိုင်ကလုန်း “မိုခါ”အား GDACS က အဆင့် ၅(CAT 5) အဖြစ် ယနေ့တွင်သတ်မှတ်

0
292

ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစနစ်(Global Disaster Alert and Coordination System/GDACS)က အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အား ယနေ့နံနက်တွင် အဆင့် ၅(Category 5) မုန်တိုင်းအဖြစ် သတ်မှတ်လိုက်ကြောင်း GDACS ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင်တင်ထားသည်။

GDACS ၏ ခန့်မှန်းချက်အရ မိုခါ ဆိုင်ကလုန်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီလျှင် ၂၅၉ ကီလိုမီတာ(တစ်နာရီလျှင် ၁၆၁ မိုင်နှုန်းခန့်)တိုက်ခတ်နိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဦးတည်ဝင်ရောက်မည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိခိုက်ပျက်စီးနိုင်ခြေ မြင့်မားကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစနစ်(Global Disaster Alert and Coordination System/GDACS)ဆိုသည်မှာ ကုလသမဂ္ဂနှင့် ဥရောပကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးအခြေခံမူဘောင်အရ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှု လျော့ပါးရေးအတွက် ဆောင်ရွက်လျှက်ရှိသော စနစ်တစ်ခုဖြစ်သည်။

Source: https://www.gdacs.org/report.aspx?eventid=1000970&episodeid=2&eventtype=TC


LEAVE A REPLY

Please enter your comment!
Please enter your name here