မိုခါ ဆိုင်ကလုန်း ဖြတ်ကျော်သည့် လမ်းကြောင်းတွင် ပါဝင်နေသည့် မကွေးတိုင်းအတွင်းရှိ ရွှေစက်တော် ဘုရားအနီး မန်းချောင်းရေ ရုတ်တရက်လျံလာကာ အောက်စက်တော်ရာ ရေမြုပ်နေသည့် မြင်ကွင်းကို ဒေသခံများထံမှ ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။

0
268

မိုခါမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် အင်အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဖြတ်ကျော်မည် ဖြစ်ပြီး မုန်တိုင်း ဖြတ်ကျော်မည့် လမ်းကြောင်းပေါ်တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့လည်း ပါဝင်နေကြောင်း မိုး‌ဇလ ထံမှ သိရသည်။

မိုခါမုန်တိုင်းသည် ကချင်ပြည်နယ်သို့ ရောက်မှသာ အားလျော့ ပျက်ပြယ်သွားနိုင်သည့်အခြေအနေဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းပေါ်ကျရောက်နေသောမကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ခန့်မှန်း သုံးသပ်ထားသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here