“မိုခါ”မုန်တိုင်းကြောင့် သနပ်ပင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင် ၃ တိုင်ပြိုလဲ၍ ၅ တိုင်ယိုင်နဲ့သွား

0
155

အားအလွန့်အလွန်ကောင်းသည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊မင်းရွာကျောင်းစုကျေးရွာအုပ်စု၊ကျိုက်မင်းကလော့ကျေးရွာတွင် မေ ၁၄ ရက် (ယနေ့)နံနက် ၈ နာရီခွဲခန့်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သနပ်ပင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနယ်မြေအတွင်း ကျိုက်မင်းကလော့ကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးလျှက်ရှိသည့် (၁၁)ကေဗွီ လျှပ်စစ် ဓာတ်အားလိုင်းတိုင် ၃ တိုင်ပြိုလဲကာ ၅ တိုင်ယိုင်နဲ့သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျိုက်မင်းကလော့ကျေးရွာရှိ နေအိမ် ၅၀ လုံးခန့်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here