ကုလားတန်မြစ်ကြောင်းဘက်စုံဖွံဖြိုးရေးစီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းအားအခြေပြု၍ စစ်တွေအထူးစီးပွားရေးဇုန်တစ်ခု ပေါ်ပေါက်လာမည်

0
280

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လူမှုစီးပွားဘဝဖွံဖြိုးမှုလုပ် ငန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်းဘက်စုံဖွံဖြိုးရေးစီမံကိန်းအားပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၄ ရက်ညနေပိုင်းက မြန်မာ- အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့်မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့်ဖွံဖြိုးတိုးတက်ရေးအသင်းတို့မှကြီးမှူး၍ ရန်ကုန်မြို့၌ ကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည် ရေးနှင့်သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးမှုလုပ် ငန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်းဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတို့ကိုပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းက ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ပါကာ ကုလားတန်စီမံကိန်းတွင်ပါဝင်သည့် စစ်တွေ ဆိပ်ကမ်းအားအခြေပြု၍ စစ်တွေအထူးစီးပွား ရေးဇုန်တစ်ခုလည်း ပေါ်ပေါက်လာမည့် အလားအလာကောင်းများရှိနေသည်ဟု ဆိုသည်။

ကာကွယ်ရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေး၊စွမ်းအင်၊အစား အစာနှင့်အဝတ်အထည်ချုပ်လုပ်ငန်းများ၊နည်းပညာ၊ကျန်းမာရေး၊ပညာရေးနှင့်ကျွမ်းကျင်မှုသင် တန်း၊ခရီးသွားလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းများ၊ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ဘဏ်နှင့်ငွေရေးကြေး ရေးလုပ်ငန်းတို့တွင်လည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီလက်ထက်မှာ မြန်မာ-အိန္ဒိယ ဆက်ဆံရေးဟာ သမိုင်းတစ်လျှောက်အရေးပါဆုံးအနေအထား တစ်ရပ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ တစ်နိုင်ငံ၏ အ ချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားပြီး အိမ်နီးချင်းကောင်း၊မိတ်ဆွေကောင်းပီသစွာ ဆက်ဆံခဲ့ကြသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် တောင်အာရှ၊အရှေ့တောင်အာရှနှင့်အရှေ့အာရှ သုံးခုလုံး၏ဆုံရာအရပ်တွင်တည် ရှိသည့်နိုင်ငံဖြစ်၍ အရှေ့တောင်အာရှဒေသနှင့်ကူးလူးဆက်သွယ်မှုမြှင့်တင်လိုသည့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသနှင့်ချိတ်ဆက်ပေးထားသည့် ကုန်းမြေတံတားလည်းဖြစ်၍ ပထဝီ နိုင်ငံ ရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်ပါက မြန်မာ-အိန္ဒိယနှစ်နိုင်ငံလုံး၏ ပြည်သူများအ တွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here