မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း​ရွှေတံဆိပ်ဆုရရှိပါက နစက ဥက္ကဋ္ဌက ​ဒေါ်လာတစ်သိန်းချီးမြှင့်မည်

0
301

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်း ပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ရွှေတံဆိပ်ဆုရရှိပါက နစက ဥက္ကဋ္ဌကဒေါ်လာ တစ်သိန်းချီးမြှင့်သွားမည်ဟု နစက နှင့်နီးစပ်သူများထံမှ သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အသင်းတို့ယနေ့မြန် မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌမှ မြန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းအနေဖြင့် ဒုတိယဆုရရှိပါက ဒေါ်လာ ၅ သောင်းချီးမြှင့်သွားမည်ဟုလည်းသိရသည်။

ထို့အတူ အောင်ပွဲနှင့်အတူပြန်လာမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အခြား အသင်းအဖွဲ့များမှလည်း ချီးကျူးဂုဏ်ပြုရန်စီစဥ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းသမိုင်းတစ်လျှောက်၌ ရွှေတံဆိပ်ဆုရရှိထားဖူးခြင်းမရှိ​သေးဘဲ ငွေတံဆိပ် ၃ ဆုနှင့် ကြေးတံဆိပ်ဆု ၅ ဆုရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here