ဖုန်းလိုင်းမရသည့် ကျောက်ဖြူမြို့နေ ပြည်သူများအတွက် ကျောက်ဖြူဟိုတယ်က Mobile Station စီစဉ်ပေးထား

0
129

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ကျောက်ဖြူဟိုတယ်မှ Mobile Station ထားရှိပေးထားကြောင်း သိရသည်။

ကျောက်ဖြူမြို့ရှိ ပြည်သူများအနေဖြင့် အရေးတကြီးကိစ္စများအတွက် ဆက်သွယ်ရန် လိုအပ်လာပါက ကျောက်ဖြူဟိုတယ်ရှေ့သို့ လာရောက်၍ ကျောက်ဖြူဟိုတယ်မှ စီစဉ်ပေးထားသော Mobile Station ကို လိုင်းမရမချင်း ဖုန်းဆက်သွယ်ရန် အသုံးပြုနိုင်ကြောင်း အသိပေးထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ ညပိုင်းကစ၍ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ပြီး လက်ရှိအချိန်တိုင်သည်အထိ အူရီဒူးကလွဲ၍ အခြားသောဖုန်းလိုင်းများမှာ အဆင်မပြေဖြစ်နေသေးကြောင်း သိရသည်။

Photo-ကောင်းမရတ်နိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here