ဂွမြို့နယ်၌ “မိုခါ”မုန်တိုင်းကြောင့်ပျက်စီးသွားမှုများကို ရှင်းလင်းဖယ်ရှားနေ

0
115

အားအလွန့်အလွန်ကောင်းသည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ဂွမြို့နယ်အတွင်း၌ ပျက်စီးဆုံးရှုံးမှုများအား မေ ၁၄ ရက်ညနေပိုင်းမှစတင်၍ ၁၅ ရက်(ယနေ့)နံနက်ပိုင်းတွင်လည်း ဆက်လက်ရှင်းလင်းဖယ်ရှားလျက်ရှိသည်။

ဂွမြို့နယ်မှ တာဝန်ရှိသူများ၊လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်/ကျေးရွာများအတွင်းနေထိုင်သူများက ဝိုင်းဝန်းရှင်းလင်းလျက်ရှိခြင်းဖြစ်သည်။

“မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် ဂွမြို့နယ်ရှိ ရွှေ ဦးကွင်းကျေးရွာမှ ဘုန်းတော်ကြီးကျောင်း(၃) ကျောင်း၊ဆေးပေးခန်း(၁)ခန်း၊နေအိမ်(၁၆၉)လုံး ပျက်စီးခဲ့ပြီး တိုင်ကျိုးကျေးရွာ၊ဒေါင့်ချောင်းကျေးရွာနှင့်ကင်းရုံးရပ်ကွက်တို့ရှိ နေအိမ်များ၊တောင်ပေါက်ကျေးရွာရှိ ကွမ်းခြံများလည်းပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေဦးကွင်းကျေးရွာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်း 9M တိုင် ၇ တိုင်ပြိုလဲကျခြင်း၊ ဂွမြို့၊ချယ်ရီလမ်းရှိ 315kVA ထရန်စဖော်မာ ၂ တိုင်စင်ပြိုလဲပြီး ထရန်စဖော်မာဝန်းခြံပါပျက်စီးခြင်း၊ဂွမြို့နယ် ထွေအုပ်ရုံးဝန်း၏ ထွေအုပ်ရိပ်သာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်း 9M တိုင် ၃ တိုင်နှင့်လမ်းဦးစီဌာနရုံးဝန်ရှိ ၁၁ ကေဗွီ မကျီးငူဖီဒါရှိ ၁၁ ကေဗွီဓာတ် အားလိုင်းတိုင် 3pole tension တိုင်များမှာ ပင်လယ်ဒီရေတိုက်စားခြင်းကြောင့် ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

ရပ်ကွက်/ကျေးရွာများအတွင်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော်လည်း လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများမဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here