“မိုခါ”မုန်တိုင်းဘေးမှ မြန်မာနိုင်ငံသူ၊နိုင်ငံသားများလွတ်မြောက်စေရေးအတွက် ပါမောက္ခချုပ်ဆရာတော်ကြီး၏ မေတ္တာပို့ ဆုတောင်း

0
340

“မိုခါ”မုန်တိုင်းဒဏ်ခံစားနေရသည့် ကမ္ဘာနှင့်အတူ မြန်မာနိုင်ငံသူ၊နိုင်ငံသားများ သဘာဝဘေးအန္တရာယ်မှလွတ်မြောက်စေရန် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသမှ မေတ္တာပို့ဆုတောင်းပေးခဲ့သည်။

သဒါ သုခနေ ရက်ခန်တု၊

ဗုဒ်ဓါ သန်တိကရာ ဝရာ။

တေဟိ နော ရက္ခိတာ ဟုတွာ၊

သုမုတ်တာ ဘယုပဒ်ဓဝါ။

သန္တိကရာ – စိတ်နှလုံးအေးခြမ်းမှုကိုပြုတော်မူတတ်ကြသော၊ ဗုဒ္ဓါ ဝရာ – ဗုဒ္ဓထင်ရှားမြတ်ဘုရားတို့သည်၊ နော – ကျွန်ုပ်တို့ကို၊ သုခေန – ကိုယ်စိတ်လန်းဖြာ ချမ်းသာခြင်းဖြင့်၊ သဒါ ရက္ခန္တု – အမြဲ စောင့်ရှောက်တော်မူကြပါစေသတည်း။

တေဟိ – ဗုဒ္ဓထင်ရှား ထိုမြတ်ဘုရားတို့က၊ ရက္ခိတာ ဟုတွာ – စောင့်ရှောက်အပ်ကုန်သည်ဖြစ်၍ ဘယုပဒ္ဓဝါ – ဘေးဥပဒ် အန္တရာယ် ရန်စွယ်အမျိုးမျိုးကပ်ဆိုးဟူသမျှမှ၊ သုမုတ္တာ – ရင်၌ဖြစ်ပွါး ကုသိုလ်စွမ်းအား၏၊ ထူးခြားပံ့ထောက်၊သိဒ္ဓိ ပေါက်လျက်လွတ်မြောက်ရပါစေသား အရှင် ဘုရား။

ကမ္ဘာနှင့်အတူ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအား လုံး “မိုခါ”မုန်တိုင်းဘေးမှလွတ်မြောက်ပါစေဟု ပါမောက္ခချုပ်ဆရာတော်ကြီးမှ မေတ္တာပို့ ဆုတောင်းပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here