စစ်တွေတွင် ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ပြန်ပွင့်

0
185

မိုခါ မုန်တိုင်းဒဏ်ပြင်းထန်စွာခံခဲ့ရသည့် စစ်တွေမြို့တွင် ယနေ့ (၁၅) ရက် နေ့လယ်ပိုင်း (၁၂) နာရီ ဝန်းကျင်မှစကာ ဆက်သွယ်ရေး လိုင်းအချို့ပြန်ရနေပြီဖြစ်ကြောင်း ဒေသ ခံများထံမှ သိရသည်။

ယမန်နေ့က မုန်တိုင်း ဖြတ်ကျော်နေစဉ် မွန်းလွဲ (၃) နာရီဝန်းကျင်မှ စတင်ကာ ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လယ်တွင် MPT ၊ အော်ရီဒူး နှင့် Mytel ဆက်သွယ်ရေးလိုင်းအချို့ ပြန်လည် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

စူပါ ဆိုင်ကလုန်း မုန်တိုင်း မိုခါသည် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေး တာဝါတိုင်များ ကျိုးကျခဲ့သည့်အပြင် ဖုန်းလိုင်းကြိုးများ၊ အင်တာနက် ကေဘယ်ကြိုးများအပါအဝင် အပျက်အစီးများပြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများ ပြန်ပွင့်ခဲ့သော်လည်း မိုခါ မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များ၏ ပျက်ဆီးဆုံးရှုံးမှုများ၊ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

ဓာတ်ပုံ – Youn Mi Mi ၊ U San Myat Shwe


LEAVE A REPLY

Please enter your comment!
Please enter your name here