မက္ကဆီကိုတွင် ၁၈ ဘီးကားကြီးနှင့် ဗင်ကားတို့ တိုက်မိ, လူ ၂၆ ဦးထက်မနည်း သေဆုံး

0
165

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း တာမောင်လိပါ့စ်ပြည်နယ်ရှိ အဝေးပြေးကားလမ်းမပေါ်တွင် မေလ ၁၄ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက ၁၈ ဘီးကားကြီးနှင့် ဗင်ကားတစ်စီးတို့ တိုက်မိကြရာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ မော်တော်ယာဉ်နှစ်စီးသည် စီယူဒါ ဗစ်တိုးရီးယားမြို့၏ အပြင်ဘက် နာရီဝက်ခန့် မောင်းနှင်ရသည့် အကွာအဝေးတွင် တိုက်မိခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တာမောင်လိပါ့စ်ရှိ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက ပြောလာခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ၁၈ ဘီး ကားကြီး၏ နောက်တွဲယာဉ်ကိုသာ တွေ့ရှိခဲ့ပြီး ခေါင်းတွဲယာဉ်ကိုမူ မတွေ့ရှိရတော့ပေ။

စုံစမ်းစစ်ဆေးသူများသည်လည်း ၁၈ ဘီးကားအား မောင်းနှင်သူမှာ ခေါင်းတွဲယာဉ်ဖြင့် ထွက်ပြေးသွားခြင်း ရှိ၊ မရှိ သို့မဟုတ် ယာဉ်တိုက်သည့်နေရာ၌ပင် သေဆုံးသွားခြင်း ရှိ၊ မရှိကို သေချာစွာ အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယာဉ်တိုက်မှု၌ ပါသွားခဲ့သည့် ဗင်ကားသည် ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ ကားဟု ယုံကြည်ရပြီး ခရီးသည်များတွင် ကလေးများပါကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here