သူလျှိုလုပ်မှု စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားအား တရုတ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

0
196

ပေကျင်း၊မေ ၁၅

သူလျှိုလုပ်မှုဖြင့် အသက် ၇၈ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသားတစ်ဦးအား တရုတ်နိုင်ငံက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း တရားရုံးက မေလ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဟောင်ကောင်၌ အမြဲတမ်းနေထိုင်သူ John Shing-wan Leung သည် သူလျှိုလုပ်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရကြောင်း ဆူကျိုးမြို့အရှေ့ပိုင်း ပြည်သူ့တရားရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆူကျိုးအာဏာပိုင်များသည် ၎င်းအမျိုးသားအား ၂၀၂၁ ခုနှစ် ဧပြီလမှစကာအရေးယူခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်က စတင်ဖမ်းဆီးခဲ့သည်ကိုမူမဖော်ပြထားဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပေကျင်းအခြေစိုက် အမေရိကန်သံရုံးက မှတ်ချက်တစ်စုံတစ်ရာမပြုသေးကြောင်းလည်းပြောကြားခဲ့သည်။တရားရုံး၏ထုတ်ပြန်ချက်၌ စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြမထား‌ပေ။

ယခုကဲ့သို့ တံခါးပိတ်စစ်ဆေးမှုများသည် အရေးကြီးသောကိစ္စများအတွက် တရုတ်နိုင်ငံတွင်ပုံမှန်ပြုလုပ်‌နေကျအရာများလည်းဖြစ်သည်။အ‌မေရိကန်နိုင်ငံသားတစ်ဦးအား အပြင်းထန်ဆုံးထောင်သွင်းအကျဉ်းချခြင်းသည် ဝါရှင်တန်နှင့်တင်းမာနေပြီးသားဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုထိခိုက်စေနိုင်ဖွယ်ရှိသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here