သင်္ဃန်းကျွန်းမြို့တွင် ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ‌ဦး ပြင်းထန်ဒဏ်ရာရ

0
523

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ‌ဦး ပြင်းထန်ဒဏ်ရာရရှိမှု ယနေ့ (မေလ ၁၅) မွန်းလွှဲပိုင်းကဖြစ်‌ပွားခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ဇ/မြောက် ရပ်ကွက်၊ ဇောတိက အိမ်ရာရှိ ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာ-လေအိုး- ဂတ်အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်မှ အမျိုးသားနှစ်ဦးသည် အရေပြားတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – Medical လူငယ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here