ရေအောက်မှာ အကြာဆုံးနေထိုင်သူအဖြစ် ဖလော်ရီဒါက ပါမောက္ခ စံချိန်ချိုး

0
286

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က တက္ကသိုလ် ပါမောက္ခတစ်ဦးဟာ ၇၄ ရက်ကြာ ရေအောက်မှာ နေပြပြီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ သူကတော့ ဒေါက်တာ ဂျိုးဆက်ပ် ဒီတူရီဖြစ်ပြီး ဆေးဘက်ဆိုင်ရာ သုတေသီတစ်ဦး ဖြစ်ပါတယ်။

ဂျိုးဆက်ပ်ဟာ “ပရောဂျက် နက်ပ်ကျွန်း ၁၀၀” လို့ခေါ်တဲ့ စမ်းသပ်မှုမှာ ပါဝင်တဲ့ “ဂျူးစ် ပင်လယ်အောက် ယာယီနေအိမ်” မှာ ၇၄ ရက်ကြာ နေထိုင်ပြီး ရေအောက်မှာ အကြာဆုံးနေသူဆိုတဲ့ စံချိန်ကို ရရှိခဲ့တာပါ။ အဲဒီနေအိမ်ကတော့ ဖလော်ရီဒါပြည်နယ်၊ ကီးလာဂို ကျွန်းမှာရှိတဲ့ ပေ ၃၀ ကျော် နက်တဲ့ ပင်လယ်ထုံးအိုင်ရဲ့ အောက်ခြေမှာ တည်ရှိနေပါတယ်။

ဂျိုးဆက်ပ်ဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကတည်းက ၇၄ ရက် ပြည့်ပြီး စံချိန်တင်ခဲ့ပေမယ့် ကုန်းပေါ်သို့ ပြန်တက်လာဖို့တော့ အစီအစဉ် မရှိသေးပါဘူး။ အရင်တင်ထားတဲ့ စံချိန်ကတော့ ၇၃ ရက်၊ နှစ်နာရီနဲ့ ၃၄ မိနစ်ဖြစ်ပြီး တန်နက်ဆီ ပြည်နယ်က ပါမောက္ခ နှစ်ဦးဖြစ်တဲ့ ဘရုစ် ကန်ထရယ်နဲ့ ဂျက်ဆီကာ ဖိန်းတို့က ၂၀၁၄ ခုနှစ်မှာ ပူးတွဲတင်ခဲ့တာပါ။

ဂျိုးဆက်ပ်က လူ့ခန္ဓာကိုယ်ဟာ ဖိအားအလွန်များတဲ့ နေရာမှာ အချိန်အကြာကြီးနေမိရင် ဘယ်တွေ ဖြစ်ပျက်လာသလဲ ဆိုတာကို လေ့လာဖို့အတွက် အဲဒီအိမ်မှာ စမ်းနေကြည့်တာပါ။

အဲဒီယာယီနေအိမ်ဟာ ရေငုပ်သင်္ဘောတွေလိုမျိုး မြင့်တက်လာတဲ့ ရေအောက် ဖိအားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မလုပ်ထားပါဘူး။ အဲဒါကြောင့် ဂျိုးဆက်ပ်ဟာ ရေအောက်မှာရှိတဲ့ တကယ့်ဖိအားကြီးတွေနဲ့အတူ နေထိုင်ရပါတယ်။

ဒါပေမယ့် ရေအောက်မှာ အသားကျနေတဲ့ ဂျိုးဆက်ပ်ဟာ လက်ရှိမှာတော့ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာ သင်တန်းကိုတောင် အွန်လိုင်းကနေတစ်ဆင့် သင်ကြားပေးနေပါတယ်။ ရေအောက်မှာ နေရတာကြိုက်တဲ့ ဂျိုးဆက်ပ်အတွက် အလွမ်းဆွတ်မိဆုံး အရာတစ်ခုရှိနေပါတယ်။ အဲတာကတော့ နေရာင်ခြည်ပဲဖြစ်ပါတယ်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here