ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုလျော့ကျ ၇၂ ဦးသာထပ်မံတွေ့ရှိ

0
233

ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုလျော့ကျလာကာ ကျန်းမာရေးဝန်ကြီး ဌာန၏ မေ ၁၅ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၂ ဦးသာထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၄ ရက်ည ၈ နာရီမှ ၁၅ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၉၀၄၄ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၂)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင် နှုန်းမှာ(၀ ဒသမ ၈)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၅၁၉၈၈၃)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၇၃၂၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီး ခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၆၁၂၂)ဦးရှိပြီဖြစ်ကာ သေဆုံးသူ(၁၉၄၉၄)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here