၃၁ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့တဲ့ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသက်အကြီးဆုံးခွေး ဘော်ဘီ

0
166

ဖေဖော်ဝါရီလကမှ ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာ့အသက်အကြီးဆုံးခွေးလေး ဘော်ဘီဟာ မကြာသေးမီကပဲ သူရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီတောင်ပိုင်းက ကျေးလက်တောရွာမှာ နေထိုင်တဲ့ လယ်စောင့်ခွေးလေး ဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးသာ မဟုတ်ဘဲ သမိုင်းတစ်လျှောက် ကမ္ဘာမှာ နေထိုင်ခဲ့ဖူးသမျှ ခွေးတွေထဲမှာ အသက်အရှည်ဆုံး ခွေးအဖြစ်နဲ့ပါ ရပ်တည်နေတာပါ။

ဘော်ဘီဟာ ပြီးခဲ့တဲ့အအပတ် ကြာသပတေးနေ့မှာ အသက် ၃၁ နှစ်ပြည့်ခဲ့ပြီး စနေနေ့အရောက်မှာတော့ သခင်ဖြစ်တဲ့ လီယိုနယ် ကော်စတာက မွေးနေ့ပွဲ ကျင်းပပေးခဲ့ပါတယ်။ အဲဒီပွဲကို လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အကအဖွဲ့တစ်ဖွဲ့ကပါ ကပြဖျော်ဖြေခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ကော်စတာရဲ့ ပြောပြချက်အရ သူအသက် ၈ နှစ်အရွယ်မှာ ဂီရာဆိုတဲ့ သူရဲ့ ခွေးမကြီးက ဘော်ဘီကို ဖွားမြင်ခဲ့တာပါ။ ဂီရာက ၁၈ နှစ်မှာ ဆုံးသွားပေမယ့် ဘော်ဘီကတော့ အခုထက်ထိ ကျန်းကျန်းမာမာ ရှိနေတာပါ။ ကော်စတာကတော့‌ ဘော်ဘီတစ်ကောင် ဒီလိုမျိုး အသက်ရှည်နေတာဟာ တည်ငြိမ်၊ အေးငြိမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခဲ့ရတဲ့အတွက် ဖြစ်တယ်လို့ ပြောထားပါတယ်။

ဘော်ဘီရဲ့ မွေးနေ့ကိုတော့ ၁၉၉၂ ခုနှစ်မှာ မှတ်တမ်းတင်ခဲ့ပေးခဲ့တဲ့ လိုင်ရီယာ မြို့ရဲ့ တိရစ္ဆာန် ဆေးကုသရေး ဌာန သာမက ပေါ်တူဂီအစိုးရက တရားဝင်ခွင့်ပြုထားတဲ့ အိမ်မွေးတိရစ္ဆာန်ဆိုင်ရာ ဒေတာဘေ့စ်ကပါ စစ်ဆေးအတည်ပြုထားပါတယ်။

Source: အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here