နူးဇီလန်၌ အဆောင်မီးလောင်, ခြောက်ဦး ထက်မနည်းသေဆုံး, ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲ

0
110

ဝဲလ်လင်တန်၊မေ ၁၆

ယနေ့မေလ ၁၆ ရက်အစောပိုင်းက နူးဇီလန်နိုင်ငံ ဝဲယ်လင်တန်မြို့အနီးမှ အဆောင်တစ်ခု၌မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ်ခရစ်ဟစ်ပ်ကင်န်စ်ကပြောကြားခဲ့သည်။

“ဒါဟာတကယ့်ကို ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတစ်ခုပါပဲ၊ခြောက်ယောက်ထက်မကသေနိုင်ပါတယ်” ဟု၎င်းကပြောကြားခဲ့ပြီး မီးသတ်သမားများပြောစကားအရ လူပေါင်း ၅၂ ဦးအားကယ်တင်ထားနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။

ညသန်းခေါင်ကျော်ကျော်အချိန်၌ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကိုမူမသိရသေးကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာ၏ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ယခုဖြစ်ရပ်၌ အသက်ဆုံးရှုံးသွားရသူများအတွက် အလွန်စိတ်မကောင်းဖြစ်မိသည်ဟုဆိုကာ မိသားစုဝင်များကိုလည်း စာနာမိကြောင်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here