စမ်းချောင်းတွင် ထမင်းချိုင့်ထည့်သည့်အိတ်များအတွင်းမှ လက်လုပ်ဗုံး (၄) လုံးတွေ့ရှိ၍ ဖယ်ရှားရှင်းလင်းခဲ့ရ

0
265

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်တွင် မေ (၁၅) ရက်ညနေ (၅) နာရီကျော်ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် (၁) လုံး၊ လမ်းဦးစီးဌာနရုံးရှေ့ရှိ ဓာတ်တိုင်အောက်တွင် (၁) လုံး၊ စက်သုံးဆီဆိုင်အရောင်းဆိုင်တစ်ဆိုင်ရှေ့လမ်းထောင့်ရှိ ပလက်ဖောင်းပေါ်တွင် (၁) လုံးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ မြို့နယ်ဦးစီးအရာရှိရုံးရှေ့ ဗဟိုလမ်းဘေး ဓာတ်တိုင်အောက်တွင် (၁) လုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ထမင်းချိုင့်ထည့်တဲ့ အိတ်တွေ ချထားတာတွေ့လို့ မင်္သကာတာနဲ့ တာဝန်ရှိတဲ့ လူတွေကို အကြောင်းကြားခဲ့ကြတာပါ။ ထမင်းချိုင့်ထည့်တဲ့ အိတ်တွေနဲ့ ထည့်ထားတော့ မတော်တဆဖွင့်ကြည့်မိလိုက်ရင် ပေါက်ကွဲပြီး ထိခိုက်သေဆုံးကြမှာ။ အချိန်မီရှင်းလင်းနိုင်ခဲ့လို့ ဘာတစ်ခုမှမဖြစ်ခဲ့ပါဘူး”ဟု စမ်းချောင်းမြို့နယ်နေသူ တစ်ဦးကပြောသည်။

ယင်းဖြစ်နှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ လာရောက်စစ်ဆေးရာ PVC ပိုက်များဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း (၄) လုံးကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here