ရက်ပေါင်း (၉၀) အတွင်း မှတ်ပုံပြန်မတင်သည့် ဆင်းကတ်များကို အပြီးပိတ်သိမ်းမည်ဟု ထပ်မံသတိပေး

0
380

ပြည်တွင်း၌ သုံးဆွဲနေသည့် ဆင်းကတ်များအား ရက်ပေါင်း (၉၀) အတွင်း မှတ်ပုံပြန်မတင်ပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

ဆင်းကဒ်များအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှု မရှိသည့် ဆင်းကတ်များအနေဖြင့် ရက်ပေါင်း (၃၀) အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို (SMS) များ ကနဦးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပေးစာတို (SMS) ရရှိပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံသားစိစစ်ရေးကဒ်ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းမရှိသေးသည့် ဆင်းကဒ်များကို On Way Block (အဝင်ခေါ်ဆိုမှု၊ အထွက်ခေါ်ဆိုမှု၊ ဒေတာအသုံးပြုမှုများ) ကို ကနဦးပိတ်ထားမည်ဖြစ်ပြီး ရက်ပေါင်း (၉၀) အတွင်း ပြန်လည်ပြင်ဆင်ခြင်းမရှိသည့် ဆင်းကဒ်များကိုအပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဆင်းကတ် သုံးစွဲသူ ပြည်သူများအနေဖြင့် အသုံးပြုနေသည့် ပိတ်သိမ်းခံရမှု မဖြစ်စေရန် အတွက် ပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတိုရရှိပါက သက်ဆိုင်ရာအော်ပရေတာများ၏ အရောင်းဆိုင်များ၊ App များနှင့် Website တို့တွင် အချက်အလက်အမှန်ဖြင့် အမြန်ဆုံးမှတ်ပုံတင်ဆောင်ရွက်ကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here