“မိုခါ”မုန်တိုင်းကြောင့် ရေဝင်ရောက်ကာ အမှိုက်၊ သဲ၊ နုန်းများ တင်ကျန်ခဲ့သည့် မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ ရင်ပြင်အား သန့်ရှင်းရေးပြုလုပ်

0
272

မကွေးတိုင်းတွင် “မိုခါ”ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန်းချောင်းရေမြင့်တက်ကာ မင်းဘူးမြို့နယ်၊ စကုမြို့၊ ဘုရားကျေးရွာအုပ်စု၊ဘုရားကျေးရွာရှိ မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်းချောင်း ရေဝင်ရောက်ခြင်းကြောင့် အမှိုက်များ ၊ သဲ၊နုန်းများမှာ ရေပြန်လည်ကျဆင်းသွားချိန်တွင် အောက်စက်တော်ရာ ရင်ပြင်ပေါ်၌ တင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ကျန်ခဲ့မှုကို ယနေ့ မေ (၁၆) ရက်တွင် မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံများစုပေါင်း၍ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here