ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် ၁ ဆုအပါအဝင် ဆုတံဆိပ် ၈ ခုဆွတ်ခူး

0
243

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၁၂ ရက်ကယှဥ်ပြိုင်ကစားခဲ့သော အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့သည် ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် ၁ ဆုအပါအဝင် ဆုတံဆိပ် ၈ ခုဆွတ်ခူးခဲ့သည်။

ဗိုဗီနမ် (အားနစ်) အားကစားနည်း၏ အလွတ်တန်းအသင်းလိုက် စွမ်းရည်ပြ (အမျိုးသား) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရိုးရာလှေ အားကစားနည်းမှ ငွေတံဆိပ် ၃ ခုနှင့် ဗိုဗီနမ် (အားနစ်) အားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ အလေးမအားကစားနည်းမှ ကြေးတံဆိပ် ၁ ဆု တို့ကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၁၆ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု(စုစုပေါင်း ၁၁၄ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here