ရခိုင်ပြည်နယ်အတွင်းစက်သုံးဆီများဆက်တိုက်​ရောက်ရှိ​​တော့မည်

0
157

ရခိုင်ပြည်နယ်အတွင်း၌ မေ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်၊စျေးနှုန်းတည်ငြိမ်မှန်ကန်မှုရှိစေရန်နှင့်စဥ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိ​နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ကယ်ဆယ်နေရာချထားရေးလုပ်ငန်းများအတွက်လိုအပ်သည့် စက်သုံးဆီများအပြင် ကျန်ကဏ္ဍစုံလုပ်ငန်းများအား စဉ်ဆက်မပြတ်ဖြည့်တင်းပေးနိုင်ရေးနှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်​ဆောင်ရာ၌ မေ ၁၆ ရက်တွင် MT “ဇမ္ဗူတန်ဆောင်”ဆီတင်ရေယာဉ်ဖြင့် ပရီမီယံဒီဇယ်ဂါလန် ၂၀၀၀၀၀ မှာ စစ်တွေမြို့၊ရွှေမင်းဂံဆိပ်ကမ်း၌ စက်သုံးဆီချယူခြင်းနှင့်ဖြန့်ဖြူးခြင်းများကိုပြုလုပ်လျက်ရှိကာ သီလဝါမှပေးပို့သည့် ဆီတင်ဘောက်ဆာကား ၁ စီးမှာလည်း စစ်တွေမြို့သို့ ဝင်ရောက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ MT Khine Khine Phyo-33၊ MT Khine Khine Phyo-34 ကမ်းရိုးတန်းသွားစက်သုံးဆီ Tanker များဖြင့် ဒီဇယ်ဆီ ဂါလန် ၂၅၀၀၀၀ ၊ ဓာတ်ဆီ 92 RON ဂါလန် ၂၀၀၀၀၀ တို့ကိုလည်း ထပ်မံဖြည့်တင်း သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ရက်ပိုင်းအတွင်း စစ်တွေမြို့သို့ရောက်ရှိမည်ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရန် စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာထားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၌ အရေးပေါ်စီမံခန့်ခွဲခြင်း၊တုံ့ပြန်ခြင်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာ၌လိုအပ်သည့် စက်သုံးဆီများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၊ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊စွမ်းအင်ဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုများဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သယ်ယူပို့ဆောင်ဖြည့်တင်းပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here