ရန်ကုန်-မန္တလေးအမြန်လမ်းတွင် VIGO ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှတန်းများအား ဝင်တိုက်တိမ်းမှောက် ၁ ဦးဒဏ်ရာရ

0
294

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မေ ၁၇ ရက် (ယနေ့)နံနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ကလေးငယ် ၁ ဦး၊အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦးတို့လိုက်ပါလာသည့် VIGO (အနက်ရောင်) ကားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀/၆ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိတန်းများအား ဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အမြန်လမ်းရဲတပ်ဖွဲ့ဝင်များနှင့်ငါးဆူတောင်မေတ္တာရှင်ပရဟိတအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

VIGO ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ငါးဆူတောင်မေတ္တာရှင်ပရဟိတအသင်းမှ လှည်းကူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here