ဗြိတိန်နှင့် နယ်သာလန်တို့က ယူကရိန်းကို ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ရန် သဘောတူညီ

0
254

ဗြိတိန်နှင့် နယ်သာလန် ဝန်ကြီးချုပ်တို့သည် ယူကရိန်းအတွက် တိုက်လေယာဉ်များ ထောက်ပံ့ပေးရေးဆိုင်ရာ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ထူထောင်ရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် ယူကရိန်းသမ္မတ ဇလန်းစကီးအနေဖြင့် အနောက်မဟာမိတ်များထံမှ ကာလရှည်ကြာ ကြိုးပမ်းခဲ့သည့် စစ်ဘက်ဆိုင်ရာ အဓိကပစ္စည်းများဖြစ်သော ဂျက်တိုက်လေယာဉ်များကို စစ်ရေးအထောက်အပံ့အဖြစ်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။

ဗြိတိန်နှင့် နယ်သာလန် ဝန်ကြီးချုပ်တို့သည် ယူကရိန်းအား လေကြောင်း တိုက်ခိုက်ရေးစွမ်းရည်ဆိုင်ရာနှင့်ပတ်သက်၍ ပံ့ပိုးပေးနိုင်ရေးအတွက် အနောက်နိုင်ငံများပါဝင်သည့် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ တစ်ဖွဲ့ ထူထောင်ရန် သဘောတူညီခဲ့ကြသလို၊ လေကြောင်း လေ့ကျင့်ရေးမှသည် F16 ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်းအထိ အရာအားလုံးကို ပံ့ပိုးကူညီရန် သဘောတူခဲ့ကြကြောင်း ဗြိတိန်ဝန်ကြီးချုပ်၏ ဒေါင်းနင်းလမ်းရုံးမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here